ရှင်ဘုရင်၏စားပွဲ၌

"သူအသက်ရှင်မှာပါ။ ဒါပေမဲ့ ခြေထောက်တော့ ဖြတ်ပစ်ရမယ်"ဟု တိရစ္ဆာန် ဆရာဝန်က ပြောသည်။ ကျွန်မသူငယ်ချင်းက ကားတိုက်ခံရသည့် လမ်းဘေးက ခွေးလေးကို ဆေးခန်းခေါ်လာပြခြင်းပါ။ "ခင်ဗျားက ပိုင်ရှင်လား။ ခွဲစိတ်ဖို့အတွက် ငွေအတော်ကုန်ကျမယ်။ ပြီးတော့ ပြန်သက်သာတဲ့အထိ သေချာဂရုစိုက်ရလိမ့် မယ်"ဟု ဆရာဝန်ကပြောရာ၊ သူက "အခုတော့ ကျွန်မက ခွေးပိုင်ရှင်ဖြစ်သွားတာပေါ့" ဟုပြန်ဖြေလိုက်သည်။ သူမ၏ကရုဏာပြကြင်နာမှုက ထိုခွေးလေးအတွက် သာယာကြည်နူးဖွယ် အနာဂတ်နှင့်နားခိုရန် အိမ်လေးကို ရရှိစေပါသည်။

မေဖိဗောရှက်သည် သူ့ကိုယ်သူ မျက်နှာသာမခံထိုက်သော "ခွေးသေကောင်" အဖြစ်မြင်သည် (၂ ရာ ၉:၈)။ မတော်တဆမှုဖြင့် ခြေနှစ်ဘက်လုံး ခြေဆွံ့ခဲ့သဖြင့် အကာအကွယ်နှင့် အထောက်အပံ့အတွက် အခြားသူအပေါ် သူမှီခိုရသည် (၄:၄)။ထို့ပြင် သူ့အဘိုးရှောလုမင်းနတ်ရွာစံပြီးနောက် ဘုရင်ဖြစ်လာသူဒါဝိဒ်က ထိုခေတ် က လုပ်ရိုးလုပ်စဥ်ဖြစ်သော ထီးနန်းအရိုက်အရာအတွက် အန္တရာယ်ရှိသောရန်သူ နှင့်ပြိုင်ဘက်မှန်သမျှကိုသေဒဏ်ပေးမည်ကိုလည်း သူကြောက်ရွံ့နေပေလိမ့်မည်။

သို့သော် သူငယ်ချင်းယောနသန်ကို ချစ်သောကြောင့်…